သုတ္တံကျမ်း။ 1:21 - Common Language Bible လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊ Garrad Bible စည် ပင် သော လမ်း ဆုံး များ တွင် အော် ဟစ်၍၊ တံ ခါး ဝ များ ၌ လည်း ကောင်း၊ မြို့ တွင်း ၌ လည်း ကောင်း၊ မြွက် ဆို သော စ ကား ဟူ မူ ကား၊ Judson Bible လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ဆူညံသောလမ်းထိပ်မှ ဟစ်ခေါ်၍ မြို့တံခါးအဝင်ဝတို့၌မြွက်ဆိုသောစကားဟူမူကား |
အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။-
အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-