အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 1:17 - Common Language Bible

အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။

အခန်းကိုကြည့်ပါ။

Garrad Bible

မည် သည့် ငှက် ကို မ ဆို၊ ရှေ့ တွင် ပိုက် ကွန် ထောင် ထား လျှင်၊ အ ချည်း နှီး ဖြစ် ချေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကယ်​စင်​စစ် ငှက်​မျက်​မှောက်၌ ပိုက်​ကွန်​ကို​ဖြန့်​ထား​လျှင် အ​ကြံ​မ​မြောက်​ရာ။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အမှန်စင်စစ် မည်သည့်​ကျေးငှက်​၏​မျက်စိ​ရှေ့​၌​မဆို ပိုက်ကွန်​ကို​ထောင်​လျှင် အလဟဿ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 1:17
6 ပူးပေါင်းရင်းမြစ်များ  

မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။


အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။


လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။


ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။


ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။


မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-