အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
ဝတ်ပြု 9:7 - Common Language Bible ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။ Garrad Bible အာ ရုန် အား လည်း မော ရှေ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပူ ဇော် ရာ ပ လ္လင် တော် သို့ ချဉ်း ကပ် လျက် ကိုယ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ၊ ကိုယ် ဆိုင် သော မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် ၍ ကိုယ့် အ ပြစ် နှင့် လူ ပ ရိ သတ် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ပြီး လျှင် လူ ပ ရိ သတ်၏ အ လှူ ဒါ ကို ဆက် ကပ် ၍ ၎င်း တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု လော့ ဟု မိန့် ဆို သည့် အ လျောက်၊ Judson Bible အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍လည်းကောင်းဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မောရှေက အာရုန်အား “ယဇ်ပလ္လင်သို့ချဉ်းကပ်လော့။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သင်၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်ကိုပူဇော်၍ သင့်အတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့။ လူတို့၏ပူဇော်သက္ကာကိုလည်း ပူဇော်၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုလော့”ဟု ဆို၏။ |
အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။-
ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-
သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-
သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။