ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
ဝတ်ပြု 5:8 - Common Language Bible သူသည်ငှက်များကိုယဇ်ပုရောဟိတ်ထံသို့ ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်သည်အပြစ် ဖြေရာယဇ်ကိုဦးစွာပူဇော်ရမည်။ ယဇ်ပု ရောဟိတ်သည်ထိုငှက်ဦးခေါင်းကိုမပြတ် စေဘဲလည်ကိုလိမ်ချိုးရမည်။- Garrad Bible ခံ ယူ သော ပ ရော ဟိတ် သည် အ ကောင် ကို မ ခွဲ ဘဲ ဦး ခေါင်း ကို လိမ် ဖြတ်၍ အ ပြစ် ဖြေ ရာ သ က္ကာ အ ကောင် ကို ဦး စွာ ဆက် ကပ် ပြီး လျှင်၊ Judson Bible ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။ မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့ကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာပြီး အပြစ်ဖြေရာယဇ်အတွက်ဖြစ်သောအကောင်ကို ဦးစွာပူဇော်ရမည်။ ၎င်း၏ခေါင်းကို လည်ပင်းမှချိုးရမည်။ သို့သော် မပြတ်စေရ။ |
ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-