ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
ဝတ်ပြု 25:8 - Common Language Bible ခုနစ်နှစ်ခုနစ်လီဖြစ်သော လေးဆယ့်ကိုး နှစ်ကိုရေတွက်လော့။- Garrad Bible ၎င်း ပြင်၊ ခု နစ် နှစ် ခု နစ် လီ တည်း ဟူ သော နှစ် သိ တင်း ခု နစ် သိ တင်း များ ကို ရေ တွက် သည့် အ လျောက်၊ Judson Bible ဥပုသ်နှစ် ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဥပုသ်နှစ် ခုနစ်နှစ်ကို မိမိဘာသာမိမိ ခုနစ်နှစ် ခုနစ်လီ ရေတွက်ရမည်။ ဥပုသ်နှစ် ခုနစ်နှစ် ခုနစ်လီ၏ကာလသည် လေးဆယ့်ကိုးနှစ်ဖြစ်၏။ |
ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ဥပုသ်နေ့အလွန်နောက်တစ်နေ့ဖြစ်သည့်ထာဝရ ဘုရားအား ကောက်လှိုင်းစည်းကိုဆက်သသည့် နေ့မှအစပြု၍ရက်သတ္တပတ်ခုနစ်ပတ်ရေ တွက်လော့။-
ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။