တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
ဝတ်ပြု 25:41 - Common Language Bible ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။- Garrad Bible သား သ မီး တို့ နှင့် တ ကွ လက် လွတ် ခွင့် ရ၍ ကိုယ် အ မျိုး သား ချင်း ရှိ ရာ သို့ လည်း ကောင်း၊ ဘိုး ဘ ပိုင် မြေ သို့ လည်း ကောင်း ပြန် နေ ရ လိမ့် မည်။ Judson Bible ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် သူသည် မိမိသားသမီးများနှင့်တကွ သင့်ထံမှထွက်သွား၍ မိမိမျိုးနွယ်စုရှိရာသို့ပြန်သွားရမည်။ မိမိဘိုးဘေးတို့ပိုင်ဆိုင်ရာမြေသို့ ပြန်သွားရမည်။ |
တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
သမ္မာတရားကိုလည်းသိသဖြင့်ထိုသမ္မာ တရားသည်သင်တို့အားလွတ်လပ်စေလိမ့် မည်'' ဟုမိန့်တော်မူ၏။
အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။