ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
ဝတ်ပြု 25:39 - Common Language Bible သင်၏အိမ်နီးချင်းအမျိုးသားချင်းသည် အလွန်ဆင်းရဲနွမ်းပါး၍သင့်ထံတွင် မိမိ ကိုယ်ကိုကျွန်အဖြစ်ဖြင့်ရောင်းလျှင် သူ့ အားကျွန်ကဲ့သို့မစေခိုင်းရ။- Garrad Bible ဆွေ မျိုး သား ချင်း တစ် ဦး သည် ဆင်း ရဲ သ ဖြင့် သင့် အား ကိုယ် ကို ရောင်း ချ လျှင် ကျွန် အ ဖြစ် မ စေ စား ဘဲ၊ Judson Bible သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍ သင်၌အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကိုအနိုင်မပြုရ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်ထံ၌ သူ့ကိုယ်သူရောင်းလျှင် သင်သည် သူ့အား ကျွန်ကဲ့သို့ မစေခိုင်းရ။ |
ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
ပရောဖက်တစ်ဦး၏မုဆိုးမတစ်ယောက်သည် ဧလိရှဲထံလာ၍``အရှင်၊ ကျွန်မ၏ခင်ပွန်း သေဆုံးပါပြီ။ အရှင်သိသည့်အတိုင်းသူသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူဖြစ် ပါ၏။ သို့ရာတွင်သူ၏ကြွေးရှင်သည်ကျွန်မ ၏သားနှစ်ယောက်အား ဖခင်၏အကြွေးအတွက် ကျွန်ခံစေရန်လာ၍ခေါ်နေပါသည်'' ဟုပြော၏။
ယခုအခါ၌လည်းယေရုရှလင်မြို့သူမြို့ သားများနှင့်ယုဒပြည်သူတို့အားကျွန်ခံ စေရန် သင်တို့အကြံရှိကြပါသည်တကား။ သင်တို့သည်လည်းသင်တို့ဘုရားသခင် ထာဝရဘုရားကိုပြစ်မှားသူများဖြစ် သည်ကိုမသိကြပါသလော။-
ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။-
သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-
ဇေဒကိမင်းနှင့်ယေရုရှလင်မြို့သူမြို့သား တို့သည် ယုဒအမျိုးသားအချင်းချင်းကျွန် စေစားမှုမရှိစေရန် ဟေဗြဲကျွန်ယောကျာ်း ကျွန်မိန်းမတို့အား လွတ်လပ်ခွင့်ပေးရန် သဘောတူညီကြလေသည်။
သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။
ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-