မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
မြေ လည်း အ သီး အ နှံ ပေး သ ဖြင့် ဝ စွာ စား ခွင့်၊ လုံ ခြုံ စွာ နေ ထိုင် ခွင့် ရ ကြ လိမ့် မည်။
မြေသည်လည်း မိမိအသီးအနှံကိုပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။
ထိုပြည်၌ အသီးအနှံဖြစ်ထွန်း၍ သင်တို့သည် ဝစွာစားရမည်။ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
ထာဝရဘုရားသည်ငါတို့အား ကြွယ်ဝချမ်းသာစေတော်မူလိမ့်မည်။ ငါတို့၏ပြည်သည်လည်းကောက်ပဲသီးနှံ များစွာထွက်လိမ့်မည်။
ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။
အကယ်၍သင်တို့သည်ငါ၏စကားကိုနားထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်းများကိုစားသုံးရကြလိမ့်မည်။-
သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-
ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။ အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။
ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-
အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။
``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-