အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ဝတ်ပြု 25:17 - Common Language Bible သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။ Garrad Bible ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သ ဖြင့် ကိုယ့် ဘု ရား သ ခင် ကြောင့် ကြောက် ရွံ့ လျက် အ ချင်း ချင်း မ စဉ်း လဲ ကြ ရ။ Judson Bible သင်တို့သည် တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်း နိုင်ထက်စီးနင်းမပြုရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ |
အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။-
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းသည် ကောင်းမြတ်သည်ဖြစ်၍ထာဝစဉ်တည်မြဲ လိမ့်မည်။ ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် ဖြောင့်မှန်သည်ဖြစ်၍ကာလအစဉ်တရား မျှတပေ၏။
ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။-
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-
သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
သူနှင့်တကွသူ၏အိမ်ထောင်စုသားတို့သည် ဘုရားတရားကြည်ညို၍ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူများဖြစ်ကြ၏။ သူသည် ဆင်းရဲသောယုဒအမျိုးသားတို့အား ရက် ရောစွာလှူဒါန်းတတ်၏။ သူသည်ဘုရား သခင်ထံအချိန်မှန်မှန်ပတ္ထနာပြုလေ၏။-
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
သူတို့တွင်ဘုရားသခင်အားကြောက်ရွံ့သော စိတ်မရှိကြ'' ဟူ၍ပါရှိသည့်အတိုင်းဖြစ်သတည်း။
သူတို့သည်ဘုရားသခင်ကိုမကြောက်ရွံ့ သဖြင့် သင်တို့အားကုန်၍မောပန်းလျက်ရှိ ကြစဉ် သင်တို့နောက်မှလိုက်၍တိုက်ခိုက်ကြ ၏။ နောက်ကျန်နေသူအားလုံးကိုလည်း လုပ် ကြံသတ်ဖြတ်ခဲ့ကြ၏။-
ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-