သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
ဝတ်ပြု 22:29 - Common Language Bible သင်တို့သည်ကျေးဇူးတော်ချီးမွမ်းရာယဇ် ကိုပူဇော်သောအခါ သင်တို့ထာဝရဘုရား ၏စိတ်တော်နှင့်တွေ့နိုင်ရန်ပြဋ္ဌာန်းချက်များ အတိုင်းပူဇော်ရမည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ ချီး မွမ်း ရာ ပူ ဇော် သ က္ကာ ကို ဆက် ကပ် သော အ ခါ စိတ် တော် နှင့် တွေ့ ရန် ပူ ဇော် နည်း ဟူ မူ ကား၊ နံ နက် တိုင် မည် ရွေ့ မည် မျှ မ ချန် ဘဲ၊ Judson Bible ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှာ ပူဇော်လော့။ တစ်နေ့ချင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား ကျေးဇူးတော်ချီးမွမ်းရာယဇ်ပူဇော်သောအခါ သင်တို့ကို လက်ခံအောင် ပူဇော်ရမည်။ |
သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
ယဇ်ကောင်၏အသားကိုနေ့ချင်းစားရမည်။ နက်ဖြန်နံနက်အထိမကြွင်းကျန်စေရ။
ထာဝရဘုရားအားပူဇော်သောမိတ်သဟာ ယယဇ်နှင့်ဆိုင်ရာပြဋ္ဌာန်းချက်များသည် ကား အောက်ပါအတိုင်းဖြစ်သည်။-
ကျေးဇူးတော်ချီးမွမ်းရာမုန့်ကိုဆက်ခါ ဆက်ခါပေးလှူကြလော့။ အလိုအလျောက် ပေးလှူနေကြောင်းကိုလည်း သင်ဣသရေလ အမျိုးသားတို့ထုတ်ဖော်ကြေငြာ၍ဝါကြွား ကြလော့။ ဤသို့ပြုခြင်းကိုသင်တို့မြတ်နိုး လှ၏ဟုအရှင်ထာဝရဘုရားမိန့်တော် မူ၏။
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-