ထိုပူဇော်သကာကိုထာဝရဘုရားထံ တော်သို့ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်လက် သို့ပေးအပ်ရမည်။-
၎င်း ဝ တ္ထု များ ဖြင့် ပြင် ဆင် သော ဘော ဇဉ် သ က္ကာ ကို ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ ခံ ယူ သော ပ ရော ဟိတ် သည် ပ လ္လင် တော် အ နီး သို့ ကပ် ပြီး လျှင်၊
ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။
အကောင်းဆုံးဂျုံမှုန့်တို့ဖြင့် ပြုလုပ်ထားသောဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားထံယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်ထံအပ်၍ သူသည် ယဇ်ပလ္လင်သို့ယူသွားရမည်။
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
အိုးတွင်ကြော်သောမုန့်ကိုပူဇော်လျှင် သံလွင် ဆီနှင့်ရောသောမုန့်ညက်ဖြင့်ပြုလုပ်ရမည်။-
ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-