``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
ဝတ်ပြု 2:11 - Common Language Bible ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် တ ဆေး၊ ပျား ရည်၊ မည် သည် ကို မျှ မ ပူ ဇော် ရ သည် နှင့် အ ညီ တ ဆေး ပါ သော ဘော ဇဉ် သ က္ကာ ကို မ ဆက် ကပ် ရ။ Judson Bible ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။ |
``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။
ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
``မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေရန် တဆေးအနည်းငယ်သာလိုသည်'' ဟူသော ဆိုရိုးစကားကိုသတိပြုကြလော့။-
သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။-