အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 16:33 - Common Language Bible

အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သန့် ရှင်း ရာ ဌာ န တော်၊ တွေ့ ဆုံ ရာ တဲ တော်၊ ပူ ဇော် ရာ ပ လ္လင် တော် ပြစ် အ ဖို့ လည်း ကောင်း၊ ပ ရော ဟိတ် များ နှင့် စည်း​ ၀ေး သော လူ ပ ရိ သတ် ဥဿုံ ပြစ် အ ဖို့ လည်း ကောင်း ဖြေ ခြင်း ကို ပြု ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အသန့်ရှင်းဆုံး သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ယဇ်ပုရောဟိတ်​များ​နှင့်​လူ​အစုအဝေး​အပေါင်း​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 16:33
8 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည် ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌​ဗိ​မာန်​တော် ကို​သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော် ရ​မည်။-


အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊-


ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-


သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။-


သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-


ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။-