သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
ဝတ်ပြု 15:8 - Common Language Bible ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။- Garrad Bible သူ့ တံ တွေး ထွေး ခြင်း ကို သန့် သော သူ ခံ မိ လျှင် အ ဝတ် လျှော် ခြင်း၊ ရေ ချိုး ခြင်း ပြု၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ စေ။ မြန်မာ့စံမီသမ္မာကျမ်း အရိအရွဲထွက်သူသည် စင်ကြယ်သောသူကို တံတွေးထွေးမိလျှင် တံတွေးထွေးခံရသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။ |
သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
ရိနာစွဲသောသူကိုထိကိုင်မိသောသူသည် မိမိအဝတ်များကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
မသန့်စင်သူကိုင်တွယ်မိသမျှတို့သည်ညစ် ညမ်းလာသဖြင့် ထိုအရာဝတ္ထုများကိုကိုင် တွယ်မိသူသည်ညနေသို့တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။
ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။