ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။
ဝတ်ပြု 14:35 - Common Language Bible တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။- Garrad Bible တိုက် ရှင် က၊ တိုက် တွင် အ မှတ် လ က္ခ ဏာ ဆိုး ဖြစ် ကြောင်း ကျွန် တော် ထင် ပါ သည် ဟု ပ ရော ဟိတ် ထံ သွား ရောက် တိုင် ကြား ရာ၊ Judson Bible အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့လာ၍ ‘အကျွန်ုပ်၏အိမ်၌ အနာစွဲသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရပါသည်’ဟု ပြောပြရမည်။ |
ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။
သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊ သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။
မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။''
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။