ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
ဝတ်ပြု 13:5 - Common Language Bible သတ္တမနေ့၌ယဇ်ပုရောဟိတ်သည် ထိုသူအား ထပ်မံစစ်ဆေးပြီးအနာသည် ပကတိအတိုင်း ပြန့်ပွားမှုမရှိဟုထင်မြင်လျှင် ထိုသူအား ခုနစ်ရက်ထပ်မံသီးခြားနေထိုင်စေရမည်။- Garrad Bible ခု နစ် ရက် မြောက် သော နေ့ ရှု ကြည့် ပြန် ရာ အ ရေ ရှိ အ မှတ် မ တိုး ဘဲ ရပ် နေ သည် ဟု သိ မြင် သော် ခု နစ် ရက် ဆက် လက် လှောင် ထား ပြီး ကာ လ၊ Judson Bible သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တစ်ဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။ |
ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။-
တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။-
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-