ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။-
ဝတ်ပြု 13:42 - Common Language Bible သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။- Garrad Bible ပြောင် သော ဦး ခေါင်း၊ န ဖူး ထိပ် များ၌ ဖျော့ နီ သော အ မှတ် လ က္ခ ဏာ ရောက် ခဲ့ သော် ပြောင် သော ဦး ခေါင်း၊ န ဖူး ထိပ် တွင် ပေါ် ထွက် သော နူ နာ ဖြစ် သ ဖြင့်၊ Judson Bible ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ နီကြင်ကြင်အနာပေါက်လျှင် ၎င်းသည် ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ ပေါက်သော အနာကြီးရောဂါဖြစ်၏။ |
ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။-
တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-