တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
ဝတ်ပြု 11:43 - Common Language Bible ထိုသတ္တဝါများကိုစား၍သင်တို့ကိုယ်ကို မညစ်ညမ်းစေနှင့်။- Garrad Bible ထို သ တ္တ ဝါ စု တစ် ကောင် ကောင် ဖြင့် ကိုယ် ကို စက် ဆုပ် ဖွယ် မ ဖြစ် စေ ရ။ မ သန့် ရာ ရောက် အောင် ကိုယ် ကို မ ညစ် ညူး စေ ရ။ Judson Bible တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့် သင်တို့သည် ကိုယ်ကိုရွံရှာဖွယ် မဖြစ်စေရ။ ထိုသို့အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။ မြန်မာ့စံမီသမ္မာကျမ်း မည်သည့်တွားသွားသတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ထိုသတ္တဝါတို့အားဖြင့် သင်တို့ကိုယ်သင်တို့ မစင်မကြယ်ဖြစ်အောင်၊ ညစ်ညူးအောင်မပြုနှင့်။ |
တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။-
သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
မသန့်စင်သောတိရစ္ဆာန်သို့မဟုတ်လူကို ထိမိလျှင်သော်လည်းကောင်း မသန့်စင်ဘဲ ဖြစ်လိမ့်မည်။-