ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
လုကာ 9:60 - Common Language Bible ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က သူ သေ များ ကို ဆိုင် ရာ သူ သေ တို့ သင်္ဂြိုလ် ကြ စေ။ သင် မူ ကား ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ကို သွား၍ ကြော် ငြာ လော့ ဟု မိန့် တော် မူ၏။ Judson Bible ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ။ သင်မူကား သွား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ထိုသူအား “ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့သာ မိမိတို့၏လူသေကို သင်္ဂြိုဟ်ပါစေ။ သင်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောလော့” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။- |
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
သို့သော်ကိုယ်တော်က ``သင်သည်ငါနောက်ကို လိုက်လော့။ သူသေတို့အားသူသေတို့ပင်သင်္ဂြိုဟ် ကြပါလေစေ'' ဟုမိန့်တော်မူ၏။
ငါ့သားသည်ယခင်ကသေသော်လည်းယခု ပြန်၍အသက်ရှင်လာပြီ။ ယခင်ကပျောက်ဆုံး သော်လည်းယခုပြန်၍တွေ့ပြီ' ဟုမိမိ၏လုပ် သားတို့အားဆို၏။ ထိုနောက်သူတို့သည်ပျော် ရွှင်ပွဲကိုဆင်နွှဲကြကုန်၏။
သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။
ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-
အခါတစ်ပါးကသင်တို့သည်မနာခံမှုနှင့် အပြစ်ဒုစရိုက်ကြောင့် ဝိညာဉ်ရေးအရသေ လျက်ရှိနေခဲ့ကြ၏။-
ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။-
သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-