ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
လုကာ 8:29 - Common Language Bible သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။ Judson Bible လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။ မြန်မာ လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- |
ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။-
နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။-
သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။-