လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
လုကာ 7:28 - Common Language Bible အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible မိန်း မ တို့ ဖွား မြင် သူ များ အ နက် ယော ဟန် ထက် ကြီး မြတ် သူ မ ရှိ။ သို့ ရာ တွင် ဘု ရား သ ခင့် နိုင် ငံ တော်၌ သိမ် ငယ် သော သူ ပင် ထို သူ့ ထက် ကြီး မြတ် သည် ငါ ဆို၏။ Judson Bible ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင် ယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမရှိ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် ကြီးမြတ်၏။” ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။- |
လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
ကျမ်းစာတော်တွင် `နားထောင်လော့၊ သင်၏လမ်း ကိုအသင့်ဖြစ်စေရန် ငါ၏စေတမန်ကိုသင့် အလျင်စေလွှတ်မည်' ဟုဖော်ပြထား၏။ ယောဟန်ကားထိုစေတမန်ပင်ဖြစ်၏။-
လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။-
ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။