``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
လုကာ 6:44 - Common Language Bible အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။- Garrad Bible အ သီး ကို ထောက်၍ အ ပင် တိုင်း ကို သိ ရ သည့် အ လျောက် ဆူး ပင် တွင် သ ဖန်း သီး၊ ပေါင်း ပင် တွင် စ ပျစ် သီး ကို မ ဆွတ် ခူး တတ်။ Judson Bible အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- မြန်မာ့စံမီသမ္မာကျမ်း အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသီးအားဖြင့် အပင်အကြောင်းကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်။ စပျစ်သီးကို ဆူးခြုံမှ မဆွတ်ခူးနိုင်။ မြန်မာ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- |
``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည်သံလွင်သီး ကိုသီးနိုင်ပါသလော။ စပျစ်ပင်သည်သဖန်း သီးကိုသီးနိုင်ပါသလော။ ထို့အတူရေငံ သည်လည်းရေချိုကိုမဖြစ်ပေါ်စေနိုင်။
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-