ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
လုကာ 6:26 - Common Language Bible ``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။ Garrad Bible လူ ခပ် သိမ်း တို့ အ ချီး အ မွမ်း ခံ ရ ကြ သော အ ခါ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ချင်း တို့ ဘိုး ဘေး များ သည် မိ စ္ဆာ ပ ရော ဖက် တို့ ကို ထို နည်း တူ ချီး မွမ်း ခဲ့ ကြ ပြီ။ Judson Bible လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များအပေါ် ထိုနည်းတူပြုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် သင်တို့ကို ချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များကို ထိုနည်းတူချီးမွမ်းခဲ့ကြသောကြောင့်ဖြစ်၏။ မြန်မာ လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။ |
ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
ပရောဖက်များကိုလည်းဆိတ်ဆိတ်နေရန် ပြောဆိုကြ၏။ သူတို့က``ငါတို့အားအမှန် တရားကိုမပြောကြနှင့်။ ငါတို့ကြားလို သောစကားကိုပြောကြလော့။ ငါတို့အား မိမိတို့၏လွဲမှားသောအထင်အမြင် အယူအဆများနှင့်ပင်ရှိနေစေကြ လော့။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-