``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
လုကာ 5:36 - Common Language Bible ကိုယ်တော်သည်ပုံဥပမာဆောင်လျက် ``မည်သူမျှ အထည်သစ်မှအစတစ်စကိုဆုတ်၍အထည် ဟောင်းကိုဖာရိုးမရှိ။ ယင်းသို့ဖာခဲ့ပါမူ အထည်သစ်ပျက်စီးသွားသည်သာမက၊ အစသစ်နှင့်အထည်ဟောင်းတို့အဆင် အသွေးမတူဘဲရှိလိမ့်မည်။- Garrad Bible ၎င်း ပြင်၊ ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ မည် သူ မျှ အ င်္ကျီ သစ် မှ ဆုတ် ယူ၍ အ င်္ကျီ ဟောင်း ကို မ ဖာ တတ်။ ဖာ လျှင် အ သစ် ကို ဆုတ် ခြင်း အ သစ် စ လည်း အ ဟောင်း နှင့် မ လိုက် ခြင်း ရှိ လိမ့် မည်။ Judson Bible ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“မည်သူမျှ အဝတ်အသစ်မှပိတ်စကိုဆုတ်ဖြဲ၍ အဝတ်အဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထားသောပိတ်စအသစ်သည်လည်း အဝတ်အဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သာဓကတစ်ခုကို သုံး၍ မိန့်တော်မူသည်မှာ “မည်သူမျှ အထည်သစ်မှ ပိတ်စကိုဆုတ်ဖြဲ၍ ပိတ်ထည်ဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အထည်သစ်သည် ပျက်စီး၍ ထိုဖာထေးရာတွင် သုံးသည့်ပိတ်စသစ်သည်လည်း အထည်ဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။ မြန်မာ ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။- |
``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူး ဟောင်းတွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူသား ရေဘူးသည်ပေါက်ကွဲ၍စပျစ်ရည်ယိုထွက် လိမ့်မည်။ သားရေဘူးလည်းပျက်စီးသွားလိမ့် မည်။-
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''