မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
လုကာ 5:34 - Common Language Bible ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။- Garrad Bible ယေ ရှု က၊ မင်္ဂ လာ ဆောင် သ တို့ သား အ တူ ရှိ နေ စဉ် လူ ပျို ရံ တို့ ကို အ စာ ရှောင် စေ နိုင် ကြ သ လော။ Judson Bible ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သတို့သား၏မိတ်ဆွေအပေါင်းအသင်းများကို ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်စေနိုင်မည်လော။ မြန်မာ ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- |
မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်သည်သား တော်အတွက်မင်္ဂလာဆောင်ဧည့်ခံပွဲကိုပြင်ဆင် ထားသည့်ဘုရင်တစ်ပါးကြုံတွေ့ရသည့်အဖြစ် အပျက်နှင့်တူ၏။-
သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည်သတို့သားနှင့်အတူ ရှိနေချိန်၌ဝမ်းနည်းပူဆွေးကြပါမည်လော။ သို့ရာတွင်သူတို့ထံမှသတို့သားကိုခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာလိမ့်မည်။ ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။
လူအချို့က ``ယောဟန်၏တပည့်များနှင့်ဖာရိရှဲ တို့၏တပည့်များသည်အစာရှောင်ခြင်းနှင့် ဆု တောင်းခြင်းတို့ကိုမကြာခဏပြုလေ့ရှိကြ၏။ သို့ရာတွင်ကိုယ်တော်၏တပည့်များမူကားစား လျက်သောက်လျက်နေကြပါသည်တကား'' ဟု လျှောက်ထားကြ၏။
သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-