ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
လုကာ 5:15 - Common Language Bible သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။- Garrad Bible အ ကြောင်း သ တင်း တော် သည် တိုး ၍ ကြေ ငြာ သ ဖြင့် ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း၊ ကြီး စွာ သော လူ ပ ရိ သတ် တို့ စု ရုံး လာ ရောက် ကြ၏။ Judson Bible သို့သော်လည်း သတင်းတော်သည် သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှာလည်းကောင်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှာလည်းကောင်း၊ စုဝေးလျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပို၍ပျံ့နှံ့သွားသဖြင့် လူအုပ်ကြီးသည် ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် စုဝေးလာကြ၏။ မြန်မာ သို့သော်လည်း သတင်းတော်သည် သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှာလည်းကောင်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှာလည်းကောင်း၊ စုဝေးလျက်ရှိကြ၏။- |
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။-
ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
တစ်နေ့သ၌လူပရိသတ်ကြီးများသည် ကိုယ်တော်နှင့်အတူလိုက်လာကြ၏။ ကိုယ်တော် သည်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင်၊-
သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။-
ထိုနည်းတူစွာအချို့သောသုစရိုက်များသည် ထင်ရှားလျက်နေပေသည်။ မထင်ရှားသေးသည့် သုစရိုက်များကိုလည်းဖုံးကွယ်၍မထား နိုင်။