ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
လုကာ 4:37 - Common Language Bible ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။ Garrad Bible ကိုယ် တော့် အ ကြောင်း သ တင်း သည် ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကြေ ငြာ၏။ Judson Bible သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှု၏သတင်းတော်သည် ပတ်ဝန်းကျင်အရပ်ရပ်သို့ ပျံ့နှံ့သွားလေ၏။ မြန်မာ သတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။ |
ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။
သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။-