သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
လုကာ 3:7 - Common Language Bible ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။- Garrad Bible ထို ကြောင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရန် ထွက် လာ သော လူ အ မြောက် အ များ တို့ အား ယော ဟန် က၊ အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လ တ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။ Judson Bible ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်ရှိလာသောပရိသတ်တို့အား ယောဟန်ဟောပြောသောစကားများမှာ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ထွက်ပြေးရန် သင်တို့အား မည်သူက သတိပေးခဲ့သနည်း။ မြန်မာ ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။- |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-
အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။