ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
လုကာ 3:16 - Common Language Bible သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။- Garrad Bible ယော ဟန် က၊ ငါ သည် သင် တို့ ကို ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ ထက် တန် ခိုး ကြီး၍ ဖိ နပ် တော် ကြိုး ကို မျှ ငါ မ ဖြည် ထိုက် သော အ ရှင် သည် ကြွ လာ ပြီး လျှင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗတ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ Judson Bible ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။ မြန်မာ ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်။- |
ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။-
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။-
ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
ဤသို့ပေတရုမြွက်ဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည်နှုတ်ကပတ်တရားတော်ကို ကြားနာနေကြသောသူအပေါင်းတို့အပေါ် သို့ဆင်းသက်တော်မူ၏။-
ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။-
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။