သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
လုကာ 24:51 - Common Language Bible ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။- Garrad Bible ထို သို့ ပေး တော် မူ စဉ် သူ တို့ နှင့် ခွာ၍ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ခံ တော် မူ၏။ Judson Bible ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ မြန်မာ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ |
သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-