``ငါသည်ထာဝရဘုရားဖြစ်တော်မူ၍ ပြောင်းလဲတော်မမူ။ ထိုကြောင့်ယာကုပ်၏ သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
လုကာ 24:14 - Common Language Bible ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။- Garrad Bible ထို ဖြစ် ပျက် သ မျှ အ ကြောင်း အ ချင်း ချင်း ဆွေး နွေး ကြ၏။ Judson Bible ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းများကို အချင်းချင်းပြောဆိုကြ၏။ မြန်မာ ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- |
``ငါသည်ထာဝရဘုရားဖြစ်တော်မူ၍ ပြောင်းလဲတော်မမူ။ ထိုကြောင့်ယာကုပ်၏ သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။-
ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။-
ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-