ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
လုကာ 22:62 - Common Language Bible သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။ Garrad Bible သည်း စွာ ငို ကြွေး လေ၏။ Judson Bible ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။ မြန်မာ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။ |
ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။
အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
မိမိခိုင်မြဲစွာရပ်တည်လျက်နေသည်ဟုထင် သောသူသည်မယိုင်မလဲစေရန်သတိပြု ရ၏။-