ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
လုကာ 22:32 - Common Language Bible သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။ Garrad Bible သို့ ရာ တွင် ယုံ ကြည် ခြင်း မ ပျက် ကွက် စေ ရန် သင့် အ ဖို့ ငါ တောင်း လျှောက်၏။ သင် လည်း စိတ် ပြောင်း လဲ သော် ညီ အစ် ကို ချင်း တို့ ကို အား ပေး လော့ ဟု မိန့် တော် မူ၏။ Judson Bible သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။ မြန်မာ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊- |
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။
သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။-
သူတို့သည်သမ္မာတရားလမ်းမှလွဲသွား လျက်သေလွန်သောသူတို့သည် ရှင်ပြန်ထ မြောက်ပြီဟူ၍ဆိုကာ လူအချို့တို့၏ ယုံကြည်ခြင်းကိုမှောက်လှန်နေကြ၏။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့သည်ထိုနေ့ရက် ကိုစောင့်မျှော်လျက်နေကြစဉ် ဘုရားသခင် ၏ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း အပြစ်ကင်းစေရန်လည်းကောင်း၊ ကိုယ်တော် နှင့်ငြိမ်းချမ်းမှုရရှိ၍နှစ်သက်လက်ခံဖွယ် ဖြစ်စေရန်လည်းကောင်း အစွမ်းကုန်ကြိုးစား အားထုတ်ကြလော့။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။