သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
လုကာ 22:22 - Common Language Bible လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။ Judson Bible ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သတ်မှတ်ထားသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။ မြန်မာ ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။
ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။
ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-
အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ်သူတို့ ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ၏။ ကျမ်းစာတော် လာသည့်အတိုင်းဖြစ်ပျက်စေရန်ပျက်စီးရ မည့်သူတစ်ဦးမှလွဲ၍ အခြားမည်သူတစ်စုံ တစ်ယောက်မျှပျက်စီးမှုမရှိခဲ့ပါ။-
ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။