ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
လုကာ 22:20 - Common Language Bible ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။ Garrad Bible ထို နည်း တူ အ ဟာ ရ သုံး ပြီး နောက် ဖ လား ကို ယူ ပြန်၍ ဤ ဖ လား ကား သင် တို့ အ ဖို့ သွန်း သော ငါ့ အ သွေး ဖြင့် ဖွဲ့ သည့် ပ ဋိ ညာဉ် တော် သစ် တည်း။ Judson Bible ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍“ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။ မြန်မာ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။- |
ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။
ထာဝရဘုရားက``ငါသည်ဣသရေလပြည် သားများ၊ ယုဒပြည်သားများနှင့်ပဋိညာဉ် သစ်ဖွဲ့မည့်အချိန်ကာလကျရောက်လာလိမ့် မည်။-
ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။
သေတမ်းစာရေးသူအသက်ရှင်နေစဉ်သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူသေ လွန်ပြီးမှသာလျှင်အတည်ဖြစ်၏။-