လုကာ 21:12 - Common Language Bible သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။- Garrad Bible ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။ Judson Bible ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဤအခြင်းအရာအားလုံးမဖြစ်မီ လူတို့သည် သင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲကာ ဝတ်ပြုစည်းဝေးကျောင်းများနှင့် ထောင်များထဲသို့ ပို့ကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့် ရှင်ဘုရင်များနှင့်ဘုရင်ခံများရှေ့သို့ ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ မြန်မာ ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- |
ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။
နေရာအနှံ့အပြားတွင်မြေငလျင်ပြင်းထန် စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါ ကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့်ပုဗ္ဗ နိမိတ်များပေါ်ထွန်းကြလိမ့်မည်။-
ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
သို့ရာတွင်ထိုသူတို့သည်ငါ့ကိုစေလွှတ်တော် မူသောအရှင်ကိုမသိကြသဖြင့် ငါ၏နာမ အတွက်ကြောင့်သင်တို့ကိုညှဉ်းပန်းကြလိမ့် မည်။-
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-
သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။