စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
လုကာ 20:16 - Common Language Bible သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။ Garrad Bible သူ တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တစ် ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည် ဟု မိန့် တော် မူ၏။ ကြား သော သူ တို့ က ထို သို့ မ ဖြစ် ပါ စေ နှင့် ဟု ဆို ကြ ရာ၊ Judson Bible ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။ မြန်မာ ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- |
စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။
မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။
ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
ဥယျာဉ်ရှင်၏သားကိုအပြင်သို့ထုတ်ပြီး လျှင်သတ်ပစ်ကြ၏။ ထိုအခါဥယျာဉ်ရှင်သည်ခြံသမားများ အားအဘယ်သို့ပြုလိမ့်မည်နည်း။-
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
သို့ဖြစ်၍ဘုရားသခင်သည်မိမိ၏လူစုတော် အား ပစ်ပယ်တော်မူပြီလောဟုမေးသော်ဧကန် မုချပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်ပင်လျှင် ဣသရေလအမျိုးသား၊ အာဗြဟံမှဆင်း သက်သူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။-
သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။-
သို့ဖြစ်လျှင်ငါတို့သည်ယုံကြည်ခြင်းဖြင့် ပညတ်တရားကိုပယ်ရာရောက်သလော။ အလျှင်းမပယ်။ ပညတ်တရားကိုထောက်ခံ အတည်ပြုခြင်းသာဖြစ်၏။
မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။
``ဘုရားသခင်သည်မတရား'' ဟုအဘယ် နည်းနှင့်မျှမဆိုနိုင်။ အကယ်၍ကိုယ်တော် သည်မတရားပါမူ အဘယ်သို့လျှင်ကမ္ဘာ လောကကိုတရားစီရင်တော်မူနိုင်မည် နည်း။
သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
ထိုသို့မဆိုလိုပါ။ အပြစ်ဒုစရိုက်နှင့်လုံးဝ အဆက်ဖြတ်ပြီးသော ငါတို့သည်အဘယ် ကြောင့်အပြစ်ထဲ၌ပြန်၍ကျင်လည်ရကြ ပါမည်နည်း။-
သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။
သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-
သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။-
သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။-
ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-