သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
လုကာ 2:41 - Common Language Bible သူငယ်တော်၏မိဘတို့သည်နှစ်စဉ်ပသခါ ပွဲတော်ခံချိန်၌ ယေရုရှလင်မြို့သို့သွားလေ့ ရှိကြ၏။- Garrad Bible မိ ဘ တို့ သည် နှစ် စဉ် ပ သ ခါ ပွဲ ချိန် ယေ ရု ရှ လင် မြို့ သို့ သွား လေ့ ရှိ သည့် အ တိုင်၊ Judson Bible မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန် ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှု၏မိဘတို့သည် ပသခါပွဲတော်တွင် နှစ်တိုင်း ဂျေရုဆလင်မြို့သို့သွားလေ့ရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှု၏မိဘတို့သည် ပသခါပွဲတော် ပါဝင်ဆင်နွှဲရန် ဂျေရုဆလင်မြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ မြန်မာ မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန် ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။- |
သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
သူငယ်တော်သည်အသက်တစ်ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ယေရုရှလင်မြို့သို့ သွားကြ၏။-
ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။-
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
ဧလကာနသည်မိမိ၏အိမ်ထောင်စုနှင့်အတူ နှစ်စဉ်ပူဇော်နေကျယဇ်ကိုလည်းကောင်း၊ မိမိ သစ္စာဝတ်ကိုဖြေရာအထူးယဇ်ကိုလည်းကောင်း ဘုရားသခင်အားပူဇော်ရန်ရှိလောမြို့သို့ သွားရောက်ဖို့အချိန်ကျရောက်လာပြန်၏။-
ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-