သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
လုကာ 2:34 - Common Language Bible ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊- Garrad Bible သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊ Judson Bible ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ရှိမောင်သည် သူတို့ကို ကောင်းချီးပေး၍ မိခင်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာကို လဲစေရန်သော်လည်းကောင်း၊ များစွာကို ထစေရန်သော်လည်းကောင်း ခန့်အပ်ခြင်းခံရသောသူဖြစ်၏။ ဆန့်ကျင်ခြင်းခံရမည့် နိမိတ်လက္ခဏာအဖြစ် စေလွှတ်ခံရသောသူလည်းဖြစ်၏။ မြန်မာ ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- |
သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။-
မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။-
(ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။
``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
မိမိတို့၏စိတ်နှလုံးအကြံအစည်များကို ပေါ်လွင်စေကြလိမ့်မည်။ သင်၏အသည်းနှလုံး သည်သန်လျက်ဖြင့်အခွင်းခံရသကဲ့သို့ဖြစ် လိမ့်မည်'' ဟုမယ်တော်မာရိအားမြွက်ဆို၏။
ဆိုးယုတ်သူတိုင်းအလင်းကိုမုန်း၏။ မိမိ၏ အကျင့်ဆိုးပေါ်သွားမည်ကိုစိုး၍အလင်း အနီးသို့မကပ်ဝံ့။-
ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
လောကီဘုရင်တို့သည်ထာဝရဘုရားကို ပုန်ကန်ရန်အသင့်ပြင်ဆင်ကြ၏။ ကိုယ်တော်နှင့်ကိုယ်တော်စေလွှတ်တော်မူသော မေရှိယအရှင်အားဆန့်ကျင်ဘက်ပြုရန် စုဝေးကြ၏' ဟုမိန့်တော်မူခဲ့ပါ၏။
သို့ဖြစ်၍ဘုရားသခင်၏နှုတ်ကပတ်တရား တော်သည်ပျံ့နှံ့၍ တပည့်တော်အရေအတွက် သည် ယေရုရှလင်မြို့တွင်များစွာတိုးပွားလျက် နေ၏။ ယဇ်ပုရောဟိတ်အမြောက်အမြားပင် သတင်းကောင်းကိုလက်ခံယုံကြည်လာကြ၏။
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။-
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။-
သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။