သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
လုကာ 2:10 - Common Language Bible ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။- Garrad Bible စေ တ မန် တော် က မ ကြောက် ကြ နှင့်။ နား ထောင် ကြ လော့။ လူ မျိုး တော် လုံး ဆိုင် ရာ အ လွန် ရွှင် လန်း ဝမ်း မြောက် ဖွယ် သ တင်း ကို ငါ ကြား ပြော လာ ပြီ။ Judson Bible ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်က “မကြောက်ကြနှင့်။ ငါသည် လူသားအားလုံးအတွက် အလွန်ဝမ်းမြောက်စရာသတင်းကောင်းကို သင်တို့ထံသို့ ယူဆောင်လာ၏။ မြန်မာ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။- |
သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍ ``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။ သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ကောင်းကင်တမန်ကအမျိုးသမီးတို့အား ``မ ကြောက်ကြနှင့်။ လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသည့်ယေရှုကိုသင်တို့ရှာနေ ကြောင်းကိုငါသိ၏။-
ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။-
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။-
ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။