ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။-
လုကာ 19:16 - Common Language Bible ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- Garrad Bible ပ ဌ မ လူ သည် ရောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ဆယ် ပြား ရ ပါ သည် ဟု လျှောက် သော်၊ Judson Bible ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာအားဖြင့် အမြတ်ငွေဆယ်ပိဿာရပါ၏’ ဟု လျှောက်လေ၏။ မြန်မာ ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊- |
ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။-
ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။-
မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-