ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
လုကာ 18:32 - Common Language Bible လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။- Garrad Bible လူ့ သား သည် လူ မျိုး ခြား တို့ ထံ ပို့ အပ် ခံ၍ သ ရော် ခြင်း၊ ဆဲ ရေး ခြင်း၊ တံ တွေး ထွေး ခြင်း များ ကို ခံ ရ ပြီး လျှင်၊ Judson Bible တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ရယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် လူမျိုးခြားတို့ထံ အပ်နှံခြင်းကိုခံရလျက် ပြောင်လှောင်ခြင်း၊ နှိပ်စက်ခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကိုခံရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားသည် လူမျိုးခြားတို့၏လက်သို့ အပ်နှံခြင်းခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကို ခံရလိမ့်မည်။ မြန်မာ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ရယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။- |
ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။
လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
ကြိမ်ဒဏ်ပေး၍အသေသတ်ကြလိမ့်မည်။ ထို နောက်သုံးရက်မြောက်သောနေ့၌လူသားသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
(ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-