ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
လုကာ 18:30 - Common Language Bible ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။ Judson Bible ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယခုဘဝ၌ အဆပေါင်းများစွာသောအကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း မရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက နောင်ဘဝတွင်လည်း ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ |
ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
ပညတ်တော်တို့သည်ကွန်တော်မျိုး၏ ထာဝရပိုင်ဆိုင်ရာဖြစ်၍ကွန်တော်မျိုးအား ရ"င်လန်းဝမ်းမြောက်စေပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုရေ"ထက်မကရေ"စင်ထက် ပို၍နှစ်သက်မြတ်နိုးပါ၏။
ကိုယ်တော်ရှင်၏ကတိတော်မားကြောင့် ကွန်တော်မျိုးသည်လွန်စွာပော်ပါ၏။ မားစွာသောလက်ရပစ္စည်းတို့ကို တေ"ရှိရသူကဲ့သို့ပော်ပါ၏။
ကိုယ်တော်ရှင်ပေးတော်မူသောတရားတော်သည် ကွန်တော်မျိုးအတွက်လောကရေ"ငွေ ရှိသမှထက်ပို၍အဖိုးထိုက်ပါ၏။
သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
ငါသည်အောင်မြင်၍ငါ့ခမည်းတော်၏ပလ္လင် ပေါ်မှာကိုယ်တော်နှင့်အတူထိုင်နေသကဲ့သို့ အောင်မြင်သူအားပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်ရသောအခွင့်ကိုငါပေးမည်။