ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
လုကာ 18:17 - Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား ကလေးသူငယ်ကဲ့သို့ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူလျှင် နိုင်ငံတော်သို့ဝင်ရ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible မည် သူ မ ဆို၊ ဘု ရား သ ခင့် နိုင် ငံ တော် ကို သူ ငယ် ကဲ့ သို့ မ ခံ ယူ လျှင် ဝင် ရ မည် မ ဟုတ် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ |
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။
အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။-
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
မွေးစကလေးသူငယ်ကဲ့သို့ဝိညာဉ်နို့ရည် စစ်ကိုအမြဲလိုလားတောင့်တကြလော့။ သို့ မှသာသင်တို့သည်ကြီးထွား၍ကယ်တင် ခြင်းခံရလိမ့်မည်။-