ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-
လုကာ 17:6 - Common Language Bible သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။ Garrad Bible အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။ Judson Bible သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။ မြန်မာ သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ |
ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။-
ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။-
ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-
``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။
ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-