သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
လုကာ 16:4 - Common Language Bible ငါ့ရာထူးပြုတ်ပြီးနောက်လူတို့ငါ့ကိုလက်ခံ ပေါင်းဖော်ကြစေရန်အဘယ်သို့ပြုရမည်ကို ငါသိပြီ' ဟုတစ်ကိုယ်တည်းပြောဆိုကာ။- Garrad Bible ငါ့ ကို ရာ ထူး မှ ထုတ် လိုက် သည့် ကာ လ အိမ် တွင် လက် ခံ ကြ စေ ရန် မည် သို့ ပြု ရ မည် ကို အ ကြံ ရ ပြီ ဟု အောက် မေ့ လျက်၊ Judson Bible ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ကြံစည်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ဘဏ္ဍာစိုးအရာမှ ငါ့ကိုဖယ်ရှားသောအခါ လူတို့သည် သူတို့၏အိမ်၌ ငါ့ကိုလက်ခံကြစေရန် မည်သို့ပြုရမည်ကို ငါသိပြီ’ဟု မိမိစိတ်ထဲ၌ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအလုပ်မှ ထုတ်ပယ်ခံရသော်လည်း မိတ်ဆွေများသည် သူတို့အိမ်၌ ငါ့ကိုလက်ခံရန် မည်သို့ပြုရမည်ကို ငါသိပြီ’ ဟု တွေးလေ၏။ မြန်မာ ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ကြံစည်ပြီးမှ၊- |
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။-
သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။-
``ထိုမှတစ်ပါးသင်တို့အားငါဆိုသည်ကား လောကစည်းစိမ်ချမ်းသာအားဖြင့်မိတ်ဆွေ များရအောင်ပြုကြလော့။ သို့မှသာထိုစည်း စိမ်ချမ်းသာကုန်ဆုံးသောအခါသင်တို့အား ထာဝရအိမ်တော်တွင်ကြိုဆိုလက်ခံလိမ့် မည်။-
ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။-