စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
လုကာ 16:20 - Common Language Bible သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။- Garrad Bible လာ ဇ ရု ခေါ် သူ တောင်း စား တစ် ယောက် သည် ထို သူ ဌေး စား ပွဲ မှ ကျ သည့် အ ကြွင်း အ ကျန် ကို စား လို၍ ဝင်း တံ ခါး အ နီး ချ ထား လေ့ ရှိ ကြ သော် ခွေး တို့ ပင် လာ၍ အ နာ များ ကို လျက် ရှာ ကြ၏။ Judson Bible လာဇရုအမည်ရှိသော သူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍၊- မြန်မာ့စံမီသမ္မာကျမ်း သူ၏အိမ်တံခါးဝ၌ကား တစ်ကိုယ်လုံးအနာစိမ်းပေါက်နေသော လာဇရုအမည်ရှိဆင်းရဲသားတစ်ယောက် လဲလျောင်းနေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏အိမ်တံခါးဝတွင် အနာစိမ်းများနှင့်ပြည့်နေသည့် လာဇရုအမည်ရှိသော ဆင်းရဲသားတစ်ဦးရှိ၏။ သူသည် လဲလျောင်းကာ မြန်မာ လာဇရုအမည်ရှိသော သူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍၊- |
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။
အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။
``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။-
တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။-
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။