ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
လုကာ 15:22 - Common Language Bible ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။- Garrad Bible အ ဘ က ကျွန် တို့ အား အ ကောင်း ဆုံး သော ဝတ် လုံ ကို အ မြန် ထုတ် ယူ ပေး ကြ လော့၊ လက် တွင် လက် စွပ် နှင့် ခြေ တွင် ဖိ နပ် ကို ဆင် ပေး ကြ လော့။ Judson Bible အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဖခင်က အစေခံတို့အား ‘အကောင်းဆုံးဝတ်ရုံကို အမြန်ယူလာ၍ သူ့အားဝတ်ပေးကြလော့။ သူ့လက်၌ လက်စွပ်ကို စွပ်ပေး၍ သူ့ခြေထောက်၌ ဖိနပ်ကို စီးပေးကြလော့။ မြန်မာ အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။- |
ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။
ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။ မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။-
ဆူဖြိုးအောင်ကျွေးထားသည့်နွားကလေးကို သတ်ကြ။ ငါတို့ပျော်ရွှင်စွာစားကြကုန်အံ့။-
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။-
ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။-
သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-
ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-