တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။
လုကာ 14:3 - Common Language Bible ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။ Garrad Bible ကျမ်း တတ် နှင့် ဖာ ရိ ရှဲ တို့ အား ကိုယ် တော် က ဥ ပုသ် နေ့ တွင် လူ နာ ကို ကျန်း မာ စေ အပ် သ လော၊ မ အပ် သ လော ဟု မေး တော် မူ သော် ဆိတ် ဆိတ် နေ ကြ၏။ Judson Bible ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ မြန်မာ ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- |
တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။
ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။
သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။ သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။-
သို့ရာတွင်သူတို့သည်ဆိတ်ဆိတ်နေကြ၏။ ကိုယ်တော်သည်သူနာကိုခေါ်လျက်ရောဂါကို ပျောက်ကင်းစေပြီးလျှင်သူ့အားထွက်သွား စေတော်မူ၏။-
ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။-