ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
လုကာ 13:6 - Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။- Garrad Bible ၎င်း ပြင် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ ဥ ယျာဉ် ရှင် တစ် ဦး သည် ကိုယ့် စ ပျစ် ဥ ယျာဉ်၌ စိုက် ထား သော သ ဖန်း ပင် တွင် အ သီး ရှာ လာ ရောက် သော် မ တွေ့ သ ဖြင့် ဥ ယျာဉ် စောင့် အား၊ Judson Bible တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်း မတွေ့ရချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “လူတစ်ဦးတွင် သူ၏စပျစ်ခြံ၌ စိုက်ပျိုးထားသောသဖန်းပင်တစ်ပင် ရှိ၏။ သူသည် လာ၍ အပင်၌ အသီးကိုရှာသော်လည်း အဘယ်အသီးကိုမျှ မတွေ့။ မြန်မာ တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- |
ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-
ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။-
သို့ရာတွင်သင်္ဘောသဖန်းပင်က`သင်တို့အား အုပ်စိုးနိုင်ရန် ငါသည်ကောင်း၍ချိုမြိန်သော အသီးများကိုသီးပေးခြင်းမှရပ်စဲရပေ လိမ့်မည်' ဟုဆို၏။-